Grid View
List View
  • htetnaunghtwe 16w

    'ကိုကြီးကိုကြီး' ဆိုပီး ပုဂ္ဂိုလ်စွဲဖြစ်နေကြချိန်

    ကိုကြီးနာမ်စားကင်းတဲ့ မင်း wall လေးထဲ ၀င်ရတာစိတ်သန့်တယ်

    မင်းကမ္ဘာလေးထဲ ခိုလှုံရတာငြိမ်းချမ်းတယ်....


    ◾️နောင်သွေး

  • htetnaunghtwe 16w

    'ကိုကြီးကိုကြီး' ဆိုပီး ပုဂ္ဂိုလ်စွဲဖြစ်နေကြချိန်

    ကိုကြီးနာမ်စားကင်းတဲ့ မင်း wall လေးထဲ ၀င်ရတာစိတ်သန့်တယ်

    မင်းကမ္ဘာလေးထဲ ခိုလှုံရတာငြိမ်းချမ်းတယ်....


    ◾️နောင်သွေး

  • htetnaunghtwe 16w

    အဆင်မပြေမှုတေက အားနာမယ့်ပုံမပေါ်ဘူး

    ဘရိတ်ပါမယ်လည်း မထင်ဘူး...ဦးတည်ရာကျ ငါ့ဆီတည့်တည့်

    လွတ်လမ်းဆိုလို့ မင်းရင်ခွင်ပဲရှိတယ်...

    မင်းရင်ခွင်ကလည်း ငါမဟုတ်ရင်ပီးရော...ကျန်သူတွေအတွက် တံခါးမရှိ

    ငါရှင်လျက်သေနေပီလား...မသေသေးလည်း သေသင့်နေပီလား

    မင်းကြောင့်ရယ်တော့ မစွပ်စွဲပါဘူး...မင်နဲ့မှမဆိုင်ခဲ့တာ

    ငါ့​ဒဏ်ငါခံရတာ...မင်းကိုချစ်မိခဲ့တဲ့အတွက် 'ငါ့ဒဏ်ငါခံနေရတာ....'

    ◾️နောင်သွေး

  • htetnaunghtwe 19w

    ခင်ဗျားမြင်နိုင်ဖို့ ပုန်းမနေခဲ့ဘူး

    တမင်ရှေ့တည့်တည့်မှာရပ်နေခဲ့တာ

    အဲ့တာလည်းခင်ဗျားကျနော့ကိုမမြင်ခဲ့ဘူး

    ထုံးစံတိုင်းပေါ့ လွဲရပြန်ပီ.....

  • htetnaunghtwe 20w

    လူမှန်ရင် အမှားနဲ့မကင်းဘူးဆိုပေမယ့်

    အမှားကြီးတေ မလုပ်မိဖို့တော့လိုမယ်.....


    ◾️နောင်သွေး

  • htetnaunghtwe 24w

    အရာရာတိုင်းရဲ့ ဖြစ်တည်မှုအားလုံးကို

    ကျနော် လက်ခံခဲ့ပေမယ့်

    မျက်မှန်လေးနဲ့ ခင်ဗျားကို

    ငေးခွင့်မရတဲ့ နေ့တွေကတော့ အတည်မပြည့်စုံခဲ့ဘူး...

    ပြောရရင် မျက်မှန်အ၀ိုင်းလေးကို

    ကျနော် ကမ္ဘာထင်နေမိတာ

    မဟုတ်သေးဘူး

    "မျက်မှန်အ၀ိုင်းလေးကို ကျနော့ရဲ့ ကမ္ဘာငယ်လေးလို့ခံယူထားတာ..

    #cool

  • htetnaunghtwe 24w

    ရှေ့သွားနောက်လိုက်ဆိုတာ ညီတိုင်းမကောင်းဘူး အချစ်ရဲ့....

    ဥပမာ လူနာနဲ့ ဆေးရုံလို...မင်းနဲ့ မင်းဘေးနားကကောင်လို့....

  • htetnaunghtwe 24w

    accident တစ်ခုကြောင့် ကျနော် ဆေးရုံတက်ခဲ့ရတယ်.....

    တချို့ဆရာဝန်တေက လူနာကို ကုသိုလ်နဲ့တွဲပီးမြင်ကြတယ်....

    တချို့ကတော့ လူနာကို ငွေနဲ့ယှဥ်ပီးမြင်ကြတယ်....


    ◾နောင်သွေး

  • htetnaunghtwe 25w

    ခင်ဗျားကို ကျနော်ဆုံးရှုံးခဲ့တယ်……

    ကျနော့အတွက် ကြွေတဲ့ကြယ်တေက ကြီးတတ်ခဲ့တယ်……


    ◾️နောင်သွေး

  • htetnaunghtwe 26w

    မင်းနဲ့ငါ ဇာတ်လမ်းမှာ ဇာတ်ကောင်ကငါ……

    မင်းက ဇာတ်ညွန်းရေးသူဖြစ်ခဲ့တယ်……

    ပရိသတ်တေရဲ့ အကြိုက်ကို မင်းမလိုက်ခဲ့ဘူး……

    ဇာတ်လမ်းအဆုံးကို ပျော်စရာလေးအဖြစ် မဖန်တီးခဲ့ဘူး……


    ◾️နောင်သွေး